Showing posts with label နေမျိုး၏ ကဗျာများ. Show all posts
Showing posts with label နေမျိုး၏ ကဗျာများ. Show all posts

Sunday, February 25, 2007

အဖြေများ

၁။ ရေခဲပြင်ကို တူးဆွတဲ့အခါ
ရေငုပ်သဘောင်္များကို တွေ့ရပါတယ်။

၂။ သမိုင်းဝင်ကြက်ခြေခတ်များက
ကမ္ဘာမြေကို နည်းနည်းပိုကောင်းစေပါတယ်။

၃။ ကင်းခြေများတစ်ကောင်မှာ
ခြေထောက် ၄၈ချောင်းရှိပြီး
မေရီအင်တွိုင်းနက်ဟာ ကိတ်မုန့်
မဖုတ်တတ်ပါ။

၎။ မီးသတ်ကားဥသြဆွဲသံဟာ
ဆွဲဆောင်မှု အရှိဆုံးသံစဉ်ဖြစ်ပါတယ်။

၅။ နေမင်းဟာ လေးထောင့်ပုံစံရှိပြီး
အင်္ဂါဂြိုဟ်ပေါ်မှာ
အိပ်မက်များမရှိပါ။

၆။ သိပ္ပံပညာမှာ ဦးခေါင်းနှစ်ခုရှိပြီး
လက်တစ်ဘက်မှမရှိပါ။

၇။ ထို့ကြောင့် ကမ္ဘာကြီးဟာ ပြားပါတယ်။ ။

နေမျိုး
(Idea မဂ္ဂဇင်း-မေလ-၂၀၀၃)