ကောက်ကိုင်လိုက်တဲ့ ဆေးပေါ့လိပ်က
ဘ၀ဆိုရင်
မီးသေနေတာတောင်
မျက်ရည်တွေ တအူအူထွက်ကျလာပုံမျိုး
စိတ်နာတဲ့အထဲမှာ
ငါ့ဘ၀လည်းပါတယ်
ဘ၀က ကြယ်ကို မခူးနိုင်ဘူး
နှလုံးသားက စံပယ်ကိုခူးချင်တယ်
မနေတတ်မထိုင်တတ်
ရေးလိုက်မိတဲ့ ကဗျာတောင်မှ
သောကနဲ့ စက်လက်
ဘာရယ်မဟုတ်ဘူး
ဖိနပ်ပါးစုတ်စုတ်တစ်ရံနဲ့
ကမ္ဘာကြီးကို နင်းထားရတာ
အလိုလိုနေရင်း အားငယ်နေမိတယ်။
ဒီလိုပဲထင်ပါတယ်
ဘ၀ဆိုတာ
ကိုယ်က ကံခေတိုင်း
စိတ်ရှိလက်ရှိ မွှေနှောက်ခံနေရတဲ့
ကော်ဖီမစ်တစ်ခွက်လိုပဲနေမှာ။ ။
မြူမင်းလွင်(ကောလင်း)
(ရုပ်ရှင်တေးကဗျာ၊ဖေဖော်ဝါရီ၊၂၀၀၆)
Saturday, February 24, 2007
Subscribe to:
Post Comments (Atom)
No comments:
Post a Comment