Saturday, February 24, 2007

တန့်ကြည်တန်တောင်အတက်

မှောင်တော့မယ်
တိမ်တောင်တွေ ထွန့်ထွန့်လူးတာကြည့်ပြီး ရူးနေလိုက်ရတာ
ငါ ဘယ်တော့မှ မမောဘူး
တဟူးဟူးထနေတဲ့ အလွမ်းရေ
စားကျက်တွေ ငှက်အုပ်နဲ့ အတူပြန်လာကြ
ဒီညနေမှာ ဘယ်သူအစာဝပြီလဲ
သစ်ပင်နဲ့ တောတောင်တွေ
ကျောက်ရုပ်လို ငြိမ်သက်စွာ တေးဆိုကြ
သန်းခေါင်ထက် ညဥ့်နက်တော့မယ့် ဆည်းဆာမှာ
ငါ စရိတ်ပါမလာဘူး
စိတ်ကူးအတိုင်း မြင့်တက်လာတဲ့ တောင်ပံနဲ့
ငါ့ တေးသံတွေ လှေကားထောင်လိုက်ရ။ ။
ဌေးကြည်(စလင်း)
(ရုပ်ရှင်တေးကဗျာ၊ ဖေဖော်ဝါရီ၊၂၀၀၆)

No comments: