Saturday, February 24, 2007

အချစ်ရနံ့များဝတ်ဆင်ခြင်း

ကမ္ဘာကြီးရဲ့. . .တစ်နေရာ
ညီငယ်တစ်ယောက်
လက်ဆောင်ပေးခဲ့တဲ့ အင်္ကျီလေးတစ်ထည်
ခုနေခါ ကျွန်တော့်ခရီးဆောင်အိတ်ထဲ
ဘယ်လို ခွေခေါက်နေမှာပါလိမ့်။
အင်္ကျီတစ်ထည်က
စကားတွေ ပြောမလား
သူ့မှာ ဘ၀အမောတွေရှိမလား
ကျွန်တော် နားထောင်ချင်ပါဘိ။
အင်္ကျီတစ်ထည်က
သီချင်းတွေဆိုမလား
သူ့မှာ ဒဏ်ရာအပိုဒ်တွေရှိမလား
ကျွန်တော် ခံစားချင်ပါဘိ။
အင်္ကျီတစ်ထည်က
ကဗျာတစ်ပုဒ်လား
အမေကိုချစ်တဲ့ သားတွေလား
ကျွန်တော်ဖွင့်ဖတ်ချင်ပါဘိ။
အလွမ်းတွေ မှုန်မှိုင်းကျဆင်းတဲ့ နေ့ကလေးတစ်နေ့
မာဘွန်ခရောင်မှ ဗိုလ်ချုပ်လမ်းမကြီးပေါ်
လက်ဆောင်အင်္ကျီလေးနဲ့
ကျွန်တော် ဖြတ်ကူးခဲ့တယ်။
ရာဇ၀င်တွေ ပြိုးပြိုးပြက်ပြက်
လက်ဆောင်အင်္ကျီလေးထဲ
ကမ္ဘာကြီးတစ်ခုလုံး ပါလာခဲ့
သုခမိန်လှိုင်
(ရုပ်ရှင်တေးကဗျာ-၂၀၀၆-ဖေဖော်ဝါရီ)

No comments: