Sunday, February 25, 2007

လမ်း ၃၀ထိပ်က ခရမ်းသို့

ခရမ်းရေ
အပြောင်းအလဲဆိုတာ ကြိုးခွေပဲ
သည်တစ်နွေ
ပြီးတော့၊ နောက်အသစ်တစ်ခွေပေါ့။
ငါပြောင်းထိုင်တဲ့ လက်ဖက်ရည်ဆိုင်
မိုင် ၅၀ ဝေးတယ်
မနက်ခင်းစာသောက်ဖွယ်ရာ စာရင်းက
မင်းသတင်းမရဘူး
ခုတော့ တစ်ယောက်တည်း လျှောက်နေရ
တစ်ယောက်ခြေထောက်ပေါ် တစ်ယောက်မှီရပ်ရတဲ့
ကမ္ဘာတစ်ခြမ်း
လွမ်းတယ်။

ဒီတစ်ခါ
မင်းလာရင်
သဘာဝ သမိုင်းပြတိုက်သွားမယ်
နှစ်သန်းပေါင်းများစွာက ဝေလငါးသွားတွေကြည့်မယ်
အစားခံရတဲ့ ဘ၀ဆိုတာ
တို့လို အဓိပ္ပါယ်ထပ်တူပဲ။
မင်းဓားမြှောင်စိုက်ထားတဲ့ ဆိုက်ပရပ်စ်လမ်း
လူဖမ်းသဘောင်္နဲ့ ကပ္ပလီပင်လယ်
ကြောက်မက်ဖွယ်ရာ အိပ်မက်အပြန်လမ်းထဲ
မင်းကို
အိမ်တံခါးဝက အမေအိုမမှတ်မိနိုင်တော့လည်း
ဖြတ်သန်းပြီးပြီးပဲ။
ဝံပုလွေလာဆင်ကိုချစ်တဲ့
အလေအလွင့် ဓားချက်များနဲ့ ကမ္ဘာကြီးကိုချစ်တဲ့
မင်းသွေးတွေ
တစ္ဆေသဘောင်္ မျောနေတုန်းလား။
ခရမ်းရေ
ဒေါသကြီးတဲ့ ငါးလည်းသေတယ်
ပုံတိုပတ်စ ပြောတတ်တဲ့ ငါးလည်းသေတယ်
လောကရဲ့ အလွယ်ဆုံးအလုပ်ဟာ
သေတာမဟုတ်လား
ဘာကြောင့်များ
အခြားသံသရာမှာ လူမြင်ခံဦးမှာလဲ။
ရတနာ ၃ပါးဆည်းကပ်ပါ
တရားရှုမှတ်ပါ
ကြားဖူးနားဝ တစ်ဝဂူတို့ရဲ့ အဖြစ်အပျက်တို့
လွတ်မြောက်ဖို့ကြိုးစားပါ
လမ်း ၃၀ထိပ်မှာ
ထူထောင်နေတဲ့ မင်းရဲ့ အရိပ်ကို
မြေကြီးလို ဖြန့်ခင်းလိုက်စမ်း
ခရမ်း . . .။ ။
ခိုင်မြဲကျော်စွာ
(ရုပ်ရှင်တေးကဗျာ-မတ်လ-၂၀၀၃)

No comments: