Thursday, February 22, 2007

လေတိုက်နှုန်း

စိတ်ဆိုတာပြတင်းတံခါးဖြစ်ပြီး
အနုပညာဆိုတာ လမင်းဖြစ်တယ်။
သစ်ရွက်သစ်ခက်တွေက လောကဓံ
တေးသီချင်းတွေက နှလုံးသား
ညဆိုတာကတော့ ခေတ်ကာလပေါ့။
ညအခါမှာ ငါတို့
ပြတင်းတံခါးတွေကို ဖွင့်လို့
ငွေလမင်းဆီ သီချင်းတွေပို့ကြတယ်
လောကဓံဆိုတာကတော့
သစ်ခက်သစ်ရွက်လောက်ပါပဲ။ ။
ဝိုင်ချို
(၂၀၀၃၊မတ်လ၊ရုပ်ရှင်တေးကဗျာ)

No comments: