Sunday, February 4, 2007

အားပြိုင်ခြင်း နှင့် ၎င်း၏အလွန် . . .

အကြမ်းဖျဉ်းတော့ . . .
မင်း နဲ့ ငါ ပိုင်းခြားခြင်းက
မင်းပြောတဲ့ သစ္စာတရားပဲ။

``ဘာ…လောကကြီး မတရားဘူး။´´
``ဟုတ်လား…´´
``တရားခြင်း၊ မတရားခြင်းက မင်းရဲ့ အတ္တပါကွ´´

``ဟာ…ဖြစ်ပြန်ပြီ။
လူတွေက သစ္စာမရှိဘူး . . .ဟုတ်လား။´´
``မင်းစံနှုန်းနဲ့ သစ္စာမရှိဘူးလို့ ဆိုလိုတာလား . . .´´

``ဘာ…အမှန်တရားရှာမယ်…ဟုတ်လား´´
``ရော့. . .မီးအိမ်´´
``ရော့. . .တုတ်ကောက်´´
သူက ဟောဒီ ငါ့ရှေ့မှာ ပျောက်သွားတယ်

အကြမ်းဖျဉ်းတော့
မင်း နဲ့ ငါ ပိုင်းခြားခြင်းကမင်း နဲ့ ငါ ဖြစ်တယ်။ ။

No comments: