Monday, February 26, 2007

ဗာဂျင်းနီယားဝုဖ်၏ ဘ၀နေ့စွဲများ

နေ့စဉ်မှတ်တမ်း စရေးတယ်။ ၁၈၉၇
နေ့စဉ်မှတ်တမ်း ပြန်ရေးဖြစ်လာတယ်။ ၁၉၀၃
နေ့စဉ်မှတ်တမ်း ဆက်ရေးတယ်။ ၁၉၀၅
ဘ၀ကို ဟာသဆန်ဆန် ၀တ္ထု (ခင်မင်မှုပြခန်း)ရေးတယ်။ ၁၉၀၇
ဇန်န၀ါရီမှာ နေ့စဉ်မှတ်တမ်းပြန်ရေးတယ်။ ၁၉၁၅
“မရေးသော ၀တ္ထုတစ်ပုဒ်”
တနင်္လာသို့မဟုတ် အင်္ဂါ
စာအုပ်ပုံစံ ယူလစ်ဆစ်ကို ဖတ်ပြီးနောက်၊
ပစ်မှတ်လွဲ ချော်နေတယ်လို့ ဝေဖန်ခဲ့တယ်။ ၁၉၂၂
ဖွန်လမှာ အိလိယော့နဲ့
ညစာစားကြရင်း ဖုန်းဆိုးမြေကဗျာကို ရွတ်ပြခဲ့တယ်။ ၁၉၂၂
“ခေတ်ပြိုင်များသို့ ထိုးနှက်ခြင်း” ၁၉၂၃
ဆလိတ်တာဆိုင်မှ တွယ်အပ်များသည် ထိပ်ဖျားမချွန် ၁၉၂၇
“လူငယ်ကဗျာဆရာတစ်ဦးသို့ ပေးစာတစ်စောင်” ၁၉၃၂
အလုပ်သမား နေ့စဉ်သတင်းစာမှာ
“ယနေ့ခေတ် အနုပညာ အဘယ်ကြောင့် နိုင်ငံရေး၏
နောက်လိုက်ဖြစ်ရသလဲ” ဆောင်းပါးကို ရေးခဲ့တယ်။ ၁၉၃၆
ပေါ့လွန်းတဲ့အတွက် ထုတ်ဝေဖို့မသင့်ဟု သူမဆုံးဖြတ်ခဲ့တယ်။ ၁၉၄၁
(ဗာဂျင်းနီးယားဝုဖ်၏ လက်ရွေးစင်ဝတ္ထုတိုများမှ စာသားများ)

စိုင်းဝင်းမြင့်
(ကြယ်ကမ္ဘာရေင်းဝယ်ရေး ကဗျာစာအုပ်မှ)

No comments: