Friday, February 23, 2007

ပြတ်ရွေ့တောင်တန်းတွေဟာ သမိုင်းမရှိကြဘူး

“မနုဿတ ဒုလဘ္ဘ”
ဒီစကား ကြားဖူးပါတယ်
လူအဖြစ် ရခဲလေခြင်း . . .တဲ့။
ဟုတ်သလား ?။

ခင်ဗျားတို့၊ ကျွန်တော်တို့
ပြောပြောနေတဲ့ ဘ၀ဆိုတာလေ
ဖြစ်ခဲ့ကြတဲ့ လူအဖြစ်
ဒီရုပ်၊ ဒီနာမ်တွေထဲ
သေဖော်သေဖက် ဒုက္ခ နဲ့ သောကတွေ
ကစုန်ဆိုင်း ၀င်လာကြ
လောင်လောင်မြိုက်မြိုက် ဒေါသ နဲ့ မောဟတွေ
ဖြားယောင်းကြ
အနှစ်သာရမဲ့ မာယာ နဲ့ လောဘတွေ
လုံးထွေးသတ်ပုတ်ကြ
တကယ်တော့ဗျာ
ဒင်းတို့ဟာ . . .
ပြတ်ရွေ့တောင်တန်းတွေလို
သမိုင်းမရှိကြဘူး။ ။

1 comment:

Anonymous said...

dude, lovely poem. ( some sentences look likes ko chaw styles)but thanks for posting the good poem.
the title is also smart.