Friday, February 23, 2007

ဓာတ်ဆီမရှိတဲ့သူဟာ ဘယ်ကားမှမသယ်ဆောင်နိုင်ဘူး

ကမ္ဘာတစ်ခုထဲ ဖောက်ထွင်းဝင်ဖူးလား
ဖက်ရှင်ကို သံသယတစ်ဝက်နဲ့ ချစ်တတ်ပြီလား။

သံသယဆိုတာ ဘာလုပ်ရမယ် မသေချာခင်
အားယူစောင့်ဆိုင်းခြင်း(အိုပရာဝင်းဖရီး)

တစ်စိတ်တစ်ပိုင်းအားဖြင့်
ဘယ်လိုပဲဝင်ပါရ ၀င်ပါရ၊ ဘ၀ဆိုတဲ့အင်္ကျီ
အရောင်တစ်မျိုးတည်း ဖြစ်ရင်တောင်မှ

ဘယ်လိုဝတ်ကြသလဲ
အထူးသဖြင့် ဓာတ်ပုံအရိုက်ခံရတော့မယ်ဆိုရင်

ဖတ်သူတစ်ယောက်ပြီး တစ်ယောက်စုရင်း
ကဗျာကို စည်းရုံးခဲ့ရတာပဲပေါ့ (ဟုတ်ဘူးလား)

ကျွန်မကတော့ ပန်းသီးရည်နဲ့
ခပ်ပြင်းပြင်းအရက်ရောထားတဲ့ဘ၀ကို ကြိုက်တယ်
ရှင်ရော . . .

ငါတို့ရဲ့ ဘော့စ်၊ ငါတို့ရဲ့ ဘုရားသခင်
သမ္မတလောင်း၊ (H5NIအမျိုးအစားငှက်တုပ်ကွေး)သူမောင်းလိမ့်မယ်
ဒဲ့ပြောတာကြိုက်ရင်ခင်ဗျားမှာ ဓာတ်ဆီဘယ်လောက်ပါသလဲ။
ဇေယျာလင်း
ရုပ်ရှင်တေးကဗျာ၊အောက်တိုဘာ၊၂၀၀၆

No comments: