Thursday, March 1, 2007

ပန်းသလားခင်

တွေးလိုက်ပါတဲ့မောင်ကြီးရယ်
ရေးလိုက်ပါတဲ့မောင်ကြီးရယ်
ခေါက်ထီးလေးဝယ်ဖို့။

မီးဖိုချောင် မပြောင်သေးလို့
ကလောင်ချွေးစို့. . .။

တစ်တိုက်တက် တစ်တိုက်ဆင်း
မဂ္ဂဇင်းတဲ့ မောင်ကြီးဝင်
ခြေကျင်နဲ့ ကုန်းကြောင်း။

အယ်ဒီတာဟိုလူကြီးရယ်
ဆီးကြိုလို့ မောင်းသတဲ့တော်. . .။

တိုက်ပေါ်က မောင်ကျလို့
အပ ရယ်မှီ။
ထွီစရာတောအရက်နဲ့
မက်သနောသောက် ပျောက်. . .။

ဆေးပြင်းလိပ်တိုကိုခဲ
စားပွဲမှာတဲ့ တင်ပျဉ်ခွေ။

စာရွက်တွေ တဆုတ်ဆုတ်နဲ့
အိမ်ရှုပ်တယ်တော့်. . .။

ဆန်ကွဲကိုပြာ
ဆန်ညှာကပေါက်သောက်။

တော့်ကဗျာစာမူခရယ်
အူရှလို့ပေါက်. . .။

ပဲဟင်းမှာဆားပေါ့လို့
အားလျော့ပြီကွယ်။

သည်အရွယ်
သည်မယ်မှာ ကဗျာသမားနဲ့
မှားလို့မှ ညားသလေ့တော်. . .။ ။
မောင်ခိုင်မာ
(စွယ်တော်မဂ္ဂဇင်း-၁၉၈၉-ဖေဖော်ဝါရီလ)

1 comment:

Anonymous said...

hahahha,, LOL ,, that's too funny,,, so who do you think will marry you one day??? or are you just making poems for fun?? not for a career ,,may be. Hope SO!!!