Friday, March 16, 2007

ဆန်နီနှစ်ယောက်

ခရမ်းက
ပဲခူးက လမ်း ၃၀ ထိပ်မှာ
ငါက ရန်ကုန်သစ်
အောင်ဇေယျ ၂ လမ်းထိပ်မှာ

ကမ္ဘာကြီးက
ရယ်ဒီမိတ်တွေနဲ့ ရေးကြီးသုတ်ပျာ
ငါက
အလှကုန်တွေနဲ့
စပ်ဖြီးဖြီး
ယိုစီးပြီး အကြောငုပ်နေတယ်

လူအဖြစ်
မြေကြီးပေါ် အမြစ်စွဲအောင်
ထူထောင်ရတဲ့စရိတ်က ကြမ်းတယ်
အရိပ်လို
လွယ်လွယ်လိုက်ဖမ်းလို့မရဘူး
ငါတိုစားကျက်ထဲ
ရောင်းရောင်းဝယ်ဝယ် ဘယ်ဝါသနာပါမလဲ
အဆင်ပြေသလို
ထင်းလည်း မခုတ်တတ်
ရွှေပေလွှာပေါ် စာရင်းလည်း မရှုတ်တတ်သူတွေ

ဒီနေ့
ကဗျာတစ်ပုဒ် ဒေါ်လာတစ်ရာပေးစမ်း
ငါနဲ့ခရမ်း
ချက်ချင်း
နင်းထားတဲ့လမ်း ဆွဲဆုတ်ပစ်မယ်

လောလောဆယ်ဆယ်
ငုတ်တုတ် ဖြန့်ခင်းထားတဲ့အတိုင်း
ခင်ဗျားလည်း ဆန်နီ
ကျွန်တော်လည်း ဈေးသည်
ခရမ်းရေ. . .
ရယ်ရယ်မောမော မိုးချုပ်ကြတာပေါ့။ ။

မင်းချမ်းမွန်
(၂၀၀၇-မတ်-မဟေသီ)

3 comments:

Anonymous said...

thanks for ur post.

Mintasay said...

ခံစားကြည့်လို့ရတယ်...........

nyohtetnyo said...

I have been away from my country since 9 months ago.This is the first time I can read myanmar poems....thankx alot for your post bcoz i m into poems since i was 16 and i have been reading magazines poems for 15 yrs.....plz post more if you can....your blog is the only source i can in touch with my beloved myanmar poems...thankx a million.....