Friday, March 16, 2007

တီဘီကြည့်ခြင်း

ကျွန်တော့်အိမ်မှာ
တီဘီတစ်လုံးမှမရှိပါဘူး
ဒါပေမဲ့. . .
တစ်နှစ်နဲ့ ခြောက်လလုံးလုံး
ကျွန်တော်တို့မိသားစုအားလုံးထိုင်ကြည့်စရာ
အငယ်ဆုံးသမီးလေးမှာတော့
တီဘီတစ်လုံးရှိလေရဲ့
တီဘီအမျိုးအစားအမည်က
“အရိုးတီဘီ”တဲ့
အဲဒီ အရိုးတီဘီတစ်လုံးကို
အသည်းနှလုံးနဲ့နေ့စဉ်ထိုင်ကြည့်ရင်း
မြင်ကွင်းတွေကို အန်ချပစ်လိုက်တာ
မိဘမေတ္တာပဲပြန်အမ်းစရာကျန်တော့တယ်။ ။

နောင်ဝင်းထွန်း
(၂၀၀၇-မတ်-ရွှေသမင်)

2 comments:

ThinkingHoney said...

မျက်ရည်ကျလောက်အောင်ကို ကောင်းတဲ့ကဗျာပါ

Zack said...

ဟုတ်တယ်ဗျာ
ဒီကဗျာလေးကပေးလိုက်တဲ့ လူမှုဘဝ နဲ့ မိဘမေတ္တာ က
အရမ်းကောင်းပါတယ်။