Friday, February 23, 2007

ကျည်ဆန်ရထား

ကျည်ဆန်က ဘယ်ကလာတာလဲ။
စည်းအပြင်ကလူဆီကလား။
ကတ်ကိုဘိန်းရဲ့ ခံတွင်းထဲကလား။
ဆာယာယေဗိုကလား။
ဘဂ္ဂဒတ်ကလား။
အရှေ့အလယ်ပိုင်းကလား။

ဂျပန်အမျိုးကောင်းသားတို့က
အဏုမြူပြာပုံကို ပုံစံအသစ်သွင်း
ယာဉ်ရထားအဖြစ် တရိပ်ရိပ် တငြိမ့်ငြိမ့်စီးနင်း
ရာစုနှစ်တွေရဲ့ အနာတရခရီးစဉ်များကို ကျဉ်းပစ်လိုက်ကြ။

ကျည်ဆန်က
ရထားက
ရာဇ၀င်ကြွေးတွေက
ခေတ်ပြိုင်အတွေးအခေါ်တွေက. . .ဘယ်လိုဝိညာဉ်တွေနဲ့မောင်းနှင်ဖြတ်သန်းသွားခဲ့ကြပြီလဲ။ ။
နိုင်မွန်အောင်သွင်
ရုပ်ရှင်တေးကဗျာ၊စက်တင်ဘာလ၊၂၀၀၆

No comments: