Thursday, February 22, 2007

ဆောင်းရာသီ ရှုမျော်ခင်းနှင့် ကျီးအ များ

Winter Landscape With Rooks

ကျောက်သားရေတံခါးကတစ်ဆင့်
ကြိတ်ဆုံထဲ စီးဆင်းတဲ့ရေစီး
အနက်ရောင် ရေကန်ထဲ ဒရဟောစီးဝင်တယ်။
အဲဒီရေကန်ပေါ်မှာ
ဆင်ခြင်တုံတရားနဲ့ ဆက်စပ်မရ
ရာသီလည်း လွဲနေတဲ့
တစ်ကောင်တည်းသော ငန်း
နှင်းလို အကျင့်သီလစင်ကြယ်စွာ ရေပေါ်မှာ ညင်သာရွေ့လျား။
အဲဒီ အဖြူရောင်ထင်ဟပ်မှုကို
ဆွဲချလိုစိတ် မွတ်သိပ်နေတဲ့
နောက်ကျိစိတ်ဟာ
ပို မခံချိမခံသာ ခံစား။

ခြိုးခြံလွန်းတဲ့ နေလုံးကြီး
စိမ့်မြေပေါ်မှာ ၀င်နေပေါ့။
လိမ္မော်ရောင် ဆိုကဆောင်းရာသီ ရှုမျော်ခင်းနှင့် ကျီးအ များ

ကျောက်သားရေတံခါးကတစ်ဆင့်
ကြိတ်ဆုံထဲ စီးဆင်းတဲ့ရေစီး
အနက်ရောင် ရေကန်ထဲ ဒရဟောစီးဝင်တယ်။
အဲဒီရေကန်ပေါ်မှာ
ဆင်ခြင်တုံတရားနဲ့ ဆက်စပ်မရ
ရာသီလည်း လွဲနေတဲ့
တစ်ကောင်တည်းသော ငန်း
နှင်းလို အကျင့်သီလစင်ကြယ်စွာ ရေပေါ်မှာ ညင်သာရွေ့လျား။
အဲဒီ အဖြူရောင်ထင်ဟပ်မှုကို
ဆွဲချလိုစိတ် မွတ်သိပ်နေတဲ့
နောက်ကျိစိတ်ဟာ
ပို မခံချိမခံသာ ခံစား။

ခြိုးခြံလွန်းတဲ့ နေလုံးကြီး
စိမ့်မြေပေါ်မှာ ၀င်နေပေါ့။
လိမ္မော်ရောင် ဆိုက္ကလော့(ပ်) ဘီလူးမျက်လုံးတစ်လုံး
စိတ်ပျက်ညစ်ညူးရတဲ့ ဒီရှုခင်းကို
အထင်သေး
တာရှည်ကြည့်ချင်ပုံမရ။
ကိုယ်တိုင်ငှက်မွေးတွေခြုံ အတွေးနှစ်လို့
ကျွန်မဟာ ကျီးအ တစ်ကောင်လို
ကြွစောင်းစောင်းနဲ့ တအုံနွေးနွေး၊
ဆောင်းည တဖြည်းဖြည်း ကျလာပေါ့။

ပြီးခဲ့တဲ့ နွေရာသီရဲ့ ကျူပင်တွေ
ရေခဲထဲမှာ ထွင်းထားသလို
ရှင့်ရုပ်ပုံဟာလည်း ကျွန်မမျက်လုံးထဲမှာ အဲသလိုအတိုင်း။
နှင်းခါးခြောက်တွေဟာ
ကျွန်မ နာကျင်မှုရဲ့ ပြတင်းပေါက်က မှန်သားပေါ့။
နှလုံးသားရဲ့ ကောမြေ
ပြန်လည်စိမ်းလန်စိုပြေရေးလား၊
ကျောက်သားထဲက
ဘာ သက်သာစရာ ထွင်းယူရရှိနိုင်မှာလဲ။
မျှော်လင့်ချက်တွေ ခြောက်သယောင်းသွားတဲ့
ဟောဒီအရပ်မှာ
ဘယ်သူ လျှောက်လှမ်းချင်မှာလဲလေ။ ။
၁၉၅၆
(SYLVIA PLATH-ဆစ်လ်ဗီယာ ပလာ့သ် ကဗျာများအား ဇေယျာလင်းဘာသာပြန်သည်။)

No comments: