လူဘ၀ဆိုတဲ့
ဗဟိုချက်မကျတဲ့
တည်းခိုခဈေးကြီးတဲ့
ဧရာမဟိုတယ်ကြီးထဲမျာ
ခရီးလှည့်လည်ခဲ့သူ
ဧည့်သည်သစ်တွေဟာ
ဝတ်လစ်စလစ်နဲ့ ရောက်လာကြတယ်။
တချို့ကြတော့
တည်းခိုခအတွက်
လက်သိပ်ထိုပြီး
တိုးတိုးတိတ်တိတ်
ကျိတ်ကျိတ်ဝှက်ဝှက်
အရှက်တရားကို ရောင်းကြ
နှလုံးသားကို ရောင်းကြ
ဦးခေါင်းကို ရောင်းကြ
ဘ၀ကိုရောင်းကြ
တိုတောင်းတဲ့ ခဏတာမှာ
လှပတဲ့ ၀တ်စုံသစ်တွေနဲ့
ယစ်ရွှေရည်တွေကို ၀ယ်ကြပေါ့။
တချို့ ကြတော့
မာနနဲ့ သိက္ခာကို
အဟာရနဲ့ ရိက္ခာနဲ့ မလဲ
ပသာဒ၀တ်ရုံနဲ့ မလဲ
ဆင်းဆင်းရဲရဲနဲ့
တင်းတင်းမြဲမြဲ နေသွားခဲ့. . . ။
အို. . . .တည်းခိုသူများ ခင်ဗျာ
ဟိုတယ်မန်နေဂျာရဲ့
ဧည့်မှတ်တမ်း စာအုပ်စင်မှာ
(မိမိအပါအ၀င်. . . )
ကိုယ့် ကိုယ်ရေးရာဇ၀င်ကို
ဘယ်သူ မြင်ခဲ့ပါသလဲ
ဘယ်သူ ဖတ်ရှုခဲ့ပါသလဲ။ ။
မောင်ခိုင်မာ
(မြတ်လေး မဂ္ဂဇင်း၊ ၁၉၈၈၊မေလ)
(ငွေလမင်းကို နမ်းတဲ့ည ကဗျာစာအုပ်မှ)
Monday, February 26, 2007
Subscribe to:
Post Comments (Atom)
No comments:
Post a Comment