The Glutton
သူ
ဆာလောင်မွတ်သိပ်တုပ်ခံရ
အာသာဖြေမရတာ
ကျွန်မရဲ့ ကံဆိုးမိုးမှောင်နဲ့အတူ ကွက်တိပဲ
သာမန်လူတစ်ယောက်မရှိနိုင်တဲ့ အပူဓာတ်
သူနဲ့ကျတော့ တစ်သားတည်း
ဒီအတွက်မို့ ကျွန်မဟာ
သူ့အရသာအတွေ့ဆုံး ဟင်းခတ်အမွှေးအကြိုင်တွေနဲ့
နာနာလေးနယ်ထားတဲ့
အသားတုံးကြီးသက်သက်ဖြစ်နေရတာကိုက
ကောင်းကျိုးတစ်ခုလို့ ဆိုရမလား။
သွေးသားရဲ့ ဟင်းသီးဟင်းရွက် အသားပြုတ်ရည်
သူ့လက်နဲ့ ခိုးယူခဲ့၊
အကောင်းဆုံး ခရစ္စမတ်ပွဲတော် စားသောက်ပွဲကြီး
ပူပူနွေးနွေးချက်ပြုတ်ပြုလုပ်၊
သူ့ပါးစပ်ထဲ
ပလုပ်ပလောင်းသွင်းထည့်။
အရသာပြည့်စုံလှတဲ့ နပ်တိုင်းထဲမှာ
ကောင်းပေ့အသားပိုင်းတွေ ထည့်ချက်ပေမယ့်
သူဟာ ဘာမှ ချမ်းသာမပေး။
သူ့အလိုဆန္ဒကို
တစ်ပြားသားမှ မလျော့ပါးစေတာဟာ
မွှေနှောက်ခံရတဲ့ ကြောင်အိမ်လေးခမျာ
ဂျင်းတစ်တက် ကြက်သွန်တစ်ဥမကျန်
ပြောင်းသလင်းခါသွားရရှာတဲ့အထိပါပဲ။
၁၉၅၆
(SYLVIA PLATH-ဆစ်လ်ဗီယာ ပလာ့သ် ကဗျာများအား ဇေယျာလင်းဘာသာပြန်သည်။)
Sunday, February 25, 2007
Subscribe to:
Post Comments (Atom)
No comments:
Post a Comment