Thursday, February 22, 2007

ရန်ကုန် (၃)

ဝင်းမြင့် နှင့် ဝေမှူးသွင် တို့ပေါင်းပြီးတော့ လူပြိန်းရဲ့ အချစ်ဖြစ်ပွားရာ ဆိုပြီးတော့ ကဗျာစာအုပ်လေးထုတ်ထားပါတယ်။ ၎င်းစာအုပ်မှ ကဗျာလေးများကို မျှဝေလိုက်ပါတယ်

လူပိုတွေ လက်မခံတတ်တဲ့ ရန်ကုန်မှာ
ကျောတစ်ခင်းစာ နေရာအတွက်
လူပိုတွေနဲ့လည်း ပေါင်းဖူးတယ်။

အရိပ်ခိုခွင့်ပြုသူရဲ့ ကျေးဇူးလို
အရိပ်မခိုချင်တော့တဲ့ ကျေးဇူးလည်းရှိရမယ်။

ငါ့အိမ်အပြန်
လမ်းထိပ်က အချိန်မှန် စောင့်ကြိုတတ်တဲ့ခွေး
မနှစ်က အဆိပ်ကျွေးခံလိုက်ရတယ်
ငါ ၀မ်းနည်းမိတယ်။

ငါနံနက်ခင်းမှာ
ငါ့ကို နှိုးတဲ့စာကလေးများ
အချုပ်အနှောင်မှ ဝေးစေရန်
သုံးကောင် ၀ယ်လွှတ်လိုက်ပါတယ်။ ။

ဝင်းမြင့်
(လူပြိန်းရဲ့ အချစ်ဖြစ်ပွားရာ ကဗျာစာအုပ်မှ)

No comments: