Friday, March 16, 2007

မေးခွန်းက ကမ္ဘာကျော်မှာလား

လူ ၁၂ ယောက် မေးခွန်း ၁၂ ခု မေးခဲ့တယ်
ဘယ်ညာ လက်တစ်စုံ
တစ်မိနစ်အတွင်း ကျရောက်သော စကားလုံး
နောက်. . .ကောင်းတာတစ်ခုက ကဗျာဟာ ဘယ်တော့မှ
ခေတ်ရေစီးမဖြစ်နိုင်ဘူး
တကယ်လို့ ဒီကဗျာကို ခင်ဗျားမကြိုက်ရင်
ခင်ဗျားနှစ်သက်ဖို့
အခြားကဗျာ အမျိုးအစား သန်းနဲ့ချီပြီးရှိတာပဲ
ပထမဆုံးဖတ်ဖြစ်တဲ့ ကဗျာက. . .
ဟာ တော်တော်ခက်ခဲတဲ့ မေးခွန်းပဲ
ကဗျာရဲ့အရသာကို ငါသိလို့
မေးခွန်းကနေ မွေးခန်း အဓိပ္ပါယ်ရှိသေးတယ်
မေးခွန်းကနေ ခေးမွန်းဆိုရင် ဘာအဓိပ္ပါယ်
ကဗျာဆိုတာ မေးခွန်းတစ်ခုအထိ ရောက်လာစရာ
အကြောင်းမရှိဘူး
ကဗျာပရိသတ်ထဲ သူ့မေးခွန်းကျန်ခဲ့စေရန်
ခဏမျှ ရပ်နားလိုက်သည်
ပြောသူနှင့် နားထောင်သူကြားတွင်ပင် အဓိပ္ပါယ်
ပြောင်းသွားသဖြင့်
စိုင်းဝင်းမြင့်
(၂၀၀၇-မတ်လ-မဟေသီ)

4 comments:

Aung Chan said...

Like your site
http://aungchanlin.googlepages.com
it is my poem

Mintasay said...

quite a unique poem.

Anonymous said...

ပထမဆုံးလာလည်ဖြစ်တာပါ။ ပထမဆုံးပဲ ကူးချသွားပါတယ်။ မဂ္ဂဇင်းကဗျာတွေကို ညီမဆိုက်မှာ ဖော်ပြချင်လို့ပါ။

Anonymous said...

လမ်းကြုံရင် လာလည်နိုင်ပါတယ်။ ညီမဆိုက်က http://www.saunghninpann.wordpress.com
ပါ။