အခြေအနေက
လူကိုပလက်ဖောင်းပေါ်နေရာရွှေ့ထားတယ်
ဘာဖြစ်လဲ
ငရဲဆိုလည်း အရသာအသစ်
နိဗ္ဗာန်ဆိုလည်း
အတွေ့အကြုံအသစ်ပေါ့
ပန့်ခ်ရော့ခ်တေးကို လေချွန်လို့
နတ္ထိဝါဒီစာတန်းနဲ့ သွေးအေးမိတယ်။
လူ့ဘ၀ဆိုတာ
လေယာဉ်ပျံပေါ်ကကြည့်တော့ ကမ္ဘာမြေပြင်
ကမ္ဘာမြေပြင်ကကြည့်တော့နတ်ဘုံနတ်နန်း
ကိုယ့်အဓိပ္ပါယ်က
မူရင်းအတိုင်းပဲ။
တခြားလူတွေမြင်လား
လျှာဖျားလေးနဲ့ လျက်တာလောက်တော့
ရယ်တာပေါ့
လူပြိန်းဦးနှောက်နဲ့
ပြောတာလောက်တော့ ရယ်တာပေါ့
ပါဝါမျက်မှန်ချင်းမတူလို့
လောကအမြင်ချင်းမတူတာ
အနုပညာကို ပိုက်ဆံအိတ်ထဲကနှိုက်ယူလို့
မရသလို
ဉာဏ်ပညာဆိုတာ
ကျမ်းစာအုပ်တွေထဲက ထွက်လာတာမှ
မဟုတ်ဘဲကိုယ့်လူ။
ရယ်ဒီမိတ်အင်္ကျီဝတ်လို့
ဝံပုလွေနံထွက်နေတဲ့ အရေပြားတွေကြား
ကိုယ်ကဂျင်းန်ပင်အဟောင်းနဲ့ဆိုပေမယ့်
လူကြီးလူကောင်းစိတ်မွေးသူ
မင်းလည်းဒီလိုဘ၀င်မျိုးနဲ့ပဲမဟုတ်လား။
ဘယ်လိုတံဆိပ်နဲ့ဖြစ်ဖြစ်
ကိုယ့်သွေးသားက ကြွပ်ဆပ်တယ်
ကိုယ့်အရိုးကရင့်တယ်။
အခုလည်း
ပလက်ဖောင်းပေါ် ဆောင့်ကြောင့်ထိုင်လို့
လူလောကကို ရယ်သွေးသွမ်းနေပုံ
မိန်းမဆန်ဆန်
စကားလုံးတွေနဲ့ ပစ်ပေါက်ချင်စိတ် မဖြစ်မိ
ဘူးလား
“ဟား- -ဟား- -ဟား”
အောင်ရင်ငြိမ်း
(၂၀၀၇-မတ်လ-ရွှေသမင်)
Friday, March 16, 2007
Subscribe to:
Post Comments (Atom)
3 comments:
အောင်ရင်ငြိမ်းကဗျာတွေက လူကိုလှောင်တဲ့ နေရာမှာ အရမ်းထိတယ်..
ဟား...ဟား...အရမ်းခိုက်ပေါ့ အောင်ရင်ငြိမ်းရယ်...
ခေါင်းစဉ်လေးနဲ့တင် အရမ်းကြိုက်သွားတာဗျိုး
ကျွန်တော်လည်း outsider တစ်ယောက်ပဲလေ
လာလည်ပါဦးမယ်
Post a Comment